Skip to content
Mindfulness

သင့်တစ်နေ့တာကို ကျေးဇူးတင်စိတ်နဲ့ စတင်လိုက်ပါ။

Founder
Founder |

start your day burmese honey

🧘‍♂️ဝိပဿနာ (သို့) Meditation မလုပ်တတ်ဘူး၊ မလုပ်နိုင်ဘူးဆိုရင်တောင် လူတိုင်းလိုက်လုပ်နိုင်တဲ့ တစ်နေ့တာကို စိတ်ကြည်လင်လန်းဆန်းစွာနဲ့ ဖြတ်ကျော်နိုင်မယ့် အရိုးရှင်းဆုံး နည်းလမ်း(၄)ခုကို မျှဝေပေးလိုက်ပါတယ်။

🛌(၁)  ကျေးဇူးတင်စိတ်နဲ့စတင်ပါ။

မနက်နိုးလာပြီလို့ သိတာနဲ့ မျက်လုံးလေးကို မှိတ်ထားပြီး ကိုယ်ကျေးဇူးတင်တဲ့အရာ ၃ခုကို တွေးပြီး ကျေးဇူးတင်လိုက်ပါ။ ဥပမာ “ကျန်းကျန်းမာမာနဲ့ နိုးထလာတဲ့အတွက် ကိုယ့်ကိုယ်ကို ကျေးဇူးတင်တယ်၊ မိဘတွေ ကျန်းမာတဲ့အတွက် ကျေးဇူးတင်တယ်၊ အလုပ်အဆင်ပြေတဲ့အတွက်ကျေးဇူးတင်တယ်” စသဖြင့် သေးသေးလေးကစ ကျေးဇူးတင်လိုက်ပါ။

🛀(၂) ရေချိုးသန့်စင်နေစဥ်မှာ Water Healing Energy ကို အပြည့်အဝအရယူပါ၊

ရေချိုးနေချိန်အတွင်းမှာ မိမိရဲ့ စိတ်မှာ ဒီလိုနှလုံးသွင်းပါ၊ “ရေသည် သဘာဝတရားတစ်ခုဖြစ်သည်၊ ရေသည်ကျန်းမာစေသည် သန့်ရှင်းစင်ကြယ်စေသည်၊ ရေရဲ့သန့်စင်တဲ့ စွမ်းအား energy တွေက ကိုယ့်ခနွာကိုယ်နဲ့ စိတ်မှာ မကောင်းတဲ့ energy တွေကပ်ငြိနေပါက သန့်စင် စင်ကြယ်စေသည်” လို့နှလုံးသွင်းပြီး ချိုးပါ၊ 

🍯(၃) မနက်စာ မစားခင် နာရီဝက်အလိုမှာ Raw ပျားရည်ကို သောက်ပေးပါ (သို့) စားပေးပါ။

Raw Honey မှာ H. pylori (Helicobacter pylori) လို့ခေါ်တဲ့ အစာအိမ်အတွင်း မလိုအပ်တဲ့ ဗက်တီးရီးယားတွေကို သေစေတဲ့ အာနိသင်ရှိလို့ အစာအိမ်ကို အားကောင်းအောင် ထမင်းမစားခင် နာရီဝက်အလိုမှာ သောက်ပေးပါ (သို့) စားပေးပါ။

သူ့ချည်း (သို့) ရေနွေးသို့ (သို့) နွားနို့ (သို့) Tea နဲ့ ကြိုက်နှစ်သက်သလို ဖျော်သောက်ပေးပါ။ သောက်လိုက်တဲ့ တစ်ငုံတိုင်းကို ထိရောက်အောင်  "ခန္ဓာကိုယ်ထဲ သဘာဝရဲ့ energy ကို စီးဆင်းခံစားနေရတယ်"ဆိုတဲ့ နှလုံးသွင်းပြီး သောက်သုံးပါ။ 

🥗(၄) မနက် ၇နာရီနဲ့၉နာရီကြားကို မနက်စာကို စားပါ။

တရုတ်တိုင်းရင်းဆေးပညာအရ မနက် ၇နာရီကနေ ၉နာရီကြားဟာ မနက်စာစားဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ တစ်နေ့တာ လန်းဆန်းတက်ကြွပြီး (Energetic)ဖြစ်ဖို့ သင်စားသမျှတိုင်းက အခရာကျပါတယ်။ You are what you eat ဆိုတာ သတိရပါ။

ဒီအချက်(၄)ချက်ကို လုပ်ဆောင်ပြီးသွားတာနဲ့ သင့်ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို အားအင်အပြည့်နဲ့ စတင်လို့ရပါပြီ။ 

🍃"သဘာဝနဲ့နေ့စဉ်ထိစပ်ပါ" သာယာလှပသောနေ့လေးဖြစ်ပါစေ🍃

#နေ့စဉ်သုံးလို့အစွမ်းထက်သည်ဘားမိစ်ဟန်နီ

Share this post