Skip to content
Burmese Honey
Burmese Honey

Burmese Honey ဆိုတာ

Founder
Founder

burmese

မြန်မာ့ပျားရည်စစ်စစ်: သဘာဝရဲ့ ဆေးစွမ်းကောင်း

မြန်မာနှစ်သစ်ကူး သင်္ကြန်ပြီးနောက်မှသာ တောတောင် သဘာဝထဲမှ ရရှိတဲ့ ပန်းပေါင်းစုံ ရှားပါး ပျားရည်စစ်စစ် ဖြစ်ပါတယ်။

ဘက်ပေါင်းစုံ သဘာဝဆေးဖက်ဝင်ဖြစ်တဲ့ ပျားရည်စစ်စစ်ကို သန့်သန့်ရှင်းရှင်းနဲ့ သကြားအစားထိုး အသုံးပြုနိုင်ရန် တောင်တန်းဒေသမှ ပျားဖွပ်ကျွမ်းကျင်သူများနဲ့ပူးပေါင်းပြီး Burmese Honey ကို ဖန်တီးဖြစ်ခြင်းဖြစ်ပါတယ်။

ပျားရည်ဟာ ခန္ဓာရော၊ စိတ်ရော အတွက်ပါ ကောင်းခြင်းမင်္ဂလာ အဖြာဖြာကို ယူဆောင်လာပေးနိုင်တဲ့ သဘာဝကပေးတဲ့ ဆေးစွမ်းကောင်းတစ်လက်လို့ပြောရင်လည်း မမှားပါဘူး။ ဒဏ္ဍာရီတွေအရ လွန်ခဲ့တဲ့နှစ်ပေါင်း ၁သောင်းကျော် ကျောက်ခေတ်တည်းက စပိန်နိုင်ငံ ကျောက်ဂူတစ်ခုရဲ့ နံရံပေါ်မှာ ပျားအုံကပျားရည်ကို အာသာငမ်းငမ်းစုပ်ယူ စားသောက်နေတဲ့ပုံကို ရေးဆွဲထားတာကိုတွေ့ခြင်းဖြင့် သိနိုင်ပါတယ်။ (နောက်မှ အကျယ်တဝင့်ရှင်းပြဦးမည်)

ခန္ဓာကိုယ်(Body)လို့ပြောရာမှာ အလှအပအတွက်သုံးမလား၊ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးအတွက်သုံးမလား၊ Chemical လွတ်၊ သဘာဝတရား စစ်စစ် Organic ပစ္စည်းတစ်ခုကို လိုအပ်နေတဲ့သူတွေအတွက်......

သဘာဝ တောတောင် ရေမြေကရတဲ့ သဘာဝ ပျားရည်စစ်စစ်ကိုစားသုံးစေခြင်းဖြင့် သဘာဝကပေးတဲ့ဆေးစွမ်းကောင်းတစ်လက်ကို မိမိတို့ ခန္ဓာကိုယ်နဲ့စိတ်အတွက် သုံးစွဲတတ်စေရန် ရည်ရွယ်ပါတယ်ရှင်။ 

​ပျားရည်ဟာ ဘယ်လောက်ထိ အစွမ်းထက်တဲ့ သဘာဝလက်နက်တစ်ခုလဲဆိုတာတွေသိရဖို့ နောက် Blog လေးမှာ ဆက်လက်စောင့်မျှော်ပေးပါဦးရှင်။ 

"နေ့စဉ်သုံးလို့ အစွမ်းထက်သည် ဘားမိစ်ဟန်နီ"

 

Share this post