ပျားရည်နှင့် ရေနွေးနွေးသုံးစွဲရင်ကျန်းမာရေးကို ပြောင်းလဲပေးမယ့် သိပ္ပံနည်းကျ အကျိုးကျေးဇူး ၁၀ ချက် (၂၀၂၆)
မနက်ခင်းတိုင်း ရေနွေးနွေးလေး တစ်ခွက်သောက်တဲ့ အကျင့်က ကောင်းတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ အဲဒီရေထဲကို ပျားရည်စစ်စစ် (Raw Honey) တစ်ဇွန်း ထပ်ထည့်လိုက်ရင် ဘာတွေဖြစ်သွားမလဲဆိုတာ မိတ်ဆွေတို့ စဉ်းစားဖူးပါသလား?
Photo: Burmese Honey with Warm Water + Lemon
ဒါဟာ ရိုးရှင်းတဲ့ အချိုရည်တစ်ခွက် မဟုတ်တော့ဘဲ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တစ်ခုလုံးကို နိုးကြားစေမယ့် "Natural Powerhouse" တစ်ခု ဖြစ်သွားတာပါ။ နိုင်ငံတကာက ကျန်းမာရေး လိုက်စားသူတွေကြားမှာ Benefits of honey drinking with warm water ဆိုပြီးရှာကြတာ အရမ်းကို ရေပန်းစားလှပါတယ်။ ဒီနေ့မှာတော့ Burmese Honey ကနေပြီး ဒီရိုးရှင်းတဲ့ အလေ့အထလေးက သင့်ခန္ဓာကိုယ်ကို အတွင်းပိုင်းကနေ ဘယ်လိုမျိုး အံ့ဩစရာကောင်းအောင် ပြုပြင်ပေးသလဲဆိုတာကို အသေးစိတ် မျှဝေပေးသွားမှာပါ။ ၅ မိနစ်ခန့် အချိန်ပေးပြီး ဆုံးအောင်ဖတ်ရုံနဲ့ သင့်ကျန်းမာရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အသိပညာတွေကို ရရှိသွားမှာ ဖြစ်ပါတယ်။
၁။ သဘာဝအတိုင်း အဆိပ်အတောက်များ ဖယ်ရှားခြင်း
ကျွန်တော်တို့ နေ့စဉ် စားသောက်နေတဲ့ အစားအစာတွေနဲ့ ပတ်ဝန်းကျင်ကနေ ခန္ဓာကိုယ်ထဲကို အဆိပ်အတောက်တွေ အမြဲဝင်နေပါတယ်။ ပျားရည်နဲ့ ရေနွေးနွေးကို တွဲသောက်တဲ့အခါ သူက ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့ သဘာဝ Detox ဆေးတစ်ခွက် ဖြစ်လာပါတယ်။
- ဘယ်လိုအလုပ်လုပ်လဲဆိုတော့ ပျားရည်မှာပါတဲ့ သဘာဝအင်ဇိုင်းတွေက ဆီးလမ်းကြောင်းကို သန့်စင်စေသလို၊ သွေးထဲက မလိုအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသည်းရဲ့ လုပ်ဆောင်ချက်ကို အထောက်အကူပြုပါတယ်။
.webp?width=663&height=442&name=drinking%20honey%20with%20warm%20water%20for%20sleep%20(2).webp)
Pro-tip: သံပရာရည်လေး တစ်ခြမ်းပါ ညှစ်ထည့်လိုက်ရင် ဗီတာမင်စီ (Vitamin C) ကြောင့် Detox ဖြစ်စဉ်က ပိုပြီး မြန်ဆန်ထိရောက်ပါတယ်။
၂။ ကိုယ်အလေးချိန် လျှော့ချခြင်းနှင့် Metabolism မြှင့်တင်ပေးခြင်း
ဝိတ်ချနေသူတွေအတွက် ပျားရည်က အကောင်းဆုံးဆေးတစ်ခွက်ပါ။ ပျားရည်မှာပါတဲ့ သဘာဝသကြားဓာတ်ဟာ ပုံမှန်သကြားဖြူနဲ့ မတူပါဘူး။ အောက်ပါအချက်များကြောင့် ပျားရည်က အထူးဆေးဖက်၀င်တစ်မျိုးဖြစ်နေတာဖြစ်ပါတယ်။
- ပျားရည်က အသည်းထဲက Glycogen ပမာဏကို ထိန်းညှိပေးပြီး အဆီလောင်ကျွမ်းမှုကို အားပေးတဲ့ ဟော်မုန်းတွေကို လှုံ့ဆော်ပေးပါတယ်။
- မနက်ခင်းမှာ သောက်ပေးခြင်းက သင့်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ချက်ချင်း နိုးကြားစေပြီး တစ်နေ့တာလုံး ကယ်လိုရီလောင်ကျွမ်းမှုကို ပိုမိုမြန်ဆန်စေပါတယ်။
၃။ အစာခြေစနစ်နှင့် အူလမ်းကြောင်း ကျန်းမာရေး
မိတ်ဆွေမှာ အစာမကြေတာ၊ လေပွတာမျိုးတွေ ခဏခဏ ဖြစ်နေပါသလား? ပျားရည်စစ်စစ်မှာပါတဲ့ အင်ဇိုင်းတွေက အစာခြေစနစ်ကို အပြည့်အဝ အားဖြည့်ပေးပါတယ်။
- Prebiotic အာနိသင်ပါ၀င်တာကြောင့် ပျားရည်ဟာ အူလမ်းကြောင်းထဲက အကျိုးပြု ဘက်တီးရီးယားလေးတွေကို အားပေးတဲ့ Prebiotic တစ်မျိုးပါ။
- ဝမ်းမှန်စေခြင်းအတွက်လည်းအထောက်အကူပြုပါတယ်။ နေ့စဉ် သောက်ပေးခြင်းက အူမကြီးကို သန့်စင်စေပြီး ဝမ်းချုပ်တာကို သဘာဝအတိုင်း ရှင်းလင်းပေးပါတယ်။
.webp?width=733&height=400&name=drinking%20honey%20with%20warm%20water%20for%20sleep%20(9).webp)
၄။ ကိုယ်ခံအားစနစ်ကို အမြင့်ဆုံးအဆင့်အထိ တည်ဆောက်ခြင်း
Burmese Honey ရဲ့ တောပျားရည်မှာပါတဲ့ Antioxidants နဲ့ Polyphenols တွေဟာ ကိုယ်ခံအားစနစ် အတွက် တကယ့်ကို အဖိုးတန်ပါတယ်။
- ပိုးမွှားတိုက်ဖျက်ခြင်းအာနိသင်ပါပြီး ပျားရည်မှာပါတဲ့ သဘာဝပိုးသတ်ဆေး အာနိသင်က ရာသီဥတုအကူးအပြောင်းမှာ ဖြစ်လေ့ရှိတဲ့ အအေးမိ၊ နှာစေးဝေဒနာတွေကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းပါ။
- တောနက်ထဲက ဆေးဖက်ဝင်ပန်းတွေဆီကရတဲ့ အာဟာရတွေက သင့်ဆဲလ်တွေကို ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။
၅။ ခန္ဓာကိုယ်အတွက် လိုအပ်သောစွမ်းအင်ကို ပေးစွမ်းနိုင်ခြင်း
ကဖိန်းတွေနဲ့ Energy Drink တွေလိုမျိုး ခဏလေး လန်းဆန်းပြီး ပြန်နုံးသွားတာမျိုး ပျားရည်မှာ မရှိပါဘူး။
- ပျားရည်မှာပါတဲ့ Glucose နဲ့ Fructose ပေါင်းစပ်မှုက သွေးထဲကို စွမ်းအင်ကို မှန်မှန်လေးနဲ့ ကြာရှည်ခံအောင် ပေးပို့ပါတယ်။
- ဦးနှောက်အတွက် လိုအပ်တဲ့ Glucose ကို အမြန်ဆုံး ဖြည့်တင်းပေးလို့ အလုပ်လုပ်တဲ့အခါ အာရုံစူးစိုက်မှုကို ပိုကောင်းစေပါတယ်။
၆။ အသားအရေကို အတွင်းပိုင်းကနေ စိုပြေဝင်းပစေခြင်း
အပြင်ကနေ Skin Care တွေ လိမ်းရုံနဲ့ မလုံလောက်ပါဘူး။
- ပျားရည်နဲ့ ရေနွေးနွေးက ခန္ဓာကိုယ်ကို ရေဓာတ် အပြည့်အဝ ဖြည့်ပေးသလို၊ သွေးသားကိုလည်း သန့်စင်စေပါတယ်။
- သူ့မှာပါတဲ့ Antioxidants တွေက ဆဲလ်တွေ အိုမင်းရင့်ရော်မှုကို နှေးကွေးစေပြီး အသားအရေကို နုပျိုစိုပြေစေပါတယ်။
၇။ ချောင်းဆိုးခြင်းနှင့် လည်ချောင်းယားယံခြင်းကို ကုသပေးခြင်း
ဒါကတော့ ရှေးယခင်ကတည်းက သုံးခဲ့တဲ့ နည်းလမ်းပါ။ ပျားရည်က လည်ချောင်းထဲမှာ အလွှာလေးတစ်ခုလို ဖုံးအုပ်ပေးပြီး ချောင်းဆိုးတာကို သက်သာစေသလို၊ ဘက်တီးရီးယားတွေကိုလည်း သေစေပါတယ်။
⚠️ အရေးကြီးဆုံး သတိပြုရန် - ရေပွက်ပွက်ဆူထဲကို ပျားရည် မထည့်ပါနဲ့!
လူတော်တော်များများ မှားတတ်တဲ့ အချက်ကတော့ ပျားရည်ကို ရေပွက်ပွက်ဆူထဲ ထည့်မိတာပါပဲ။ Raw Honey ထဲမှာပါတဲ့ အဖိုးတန် အင်ဇိုင်းတွေနဲ့ ဗီတာမင်တွေဟာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်ရင် ပျက်စီးသွားတတ်ပါတယ်။
ဘယ်လိုအသုံးပြုကမလဲဆိုတော့ - ရေကို ဆူအောင်တည်ပြီးနောက် ခဏစောင့်ပါ။ ရေနွေးနွေးလေး အဆင့်ရောက်မှသာ ပျားရည်ကို ထည့်ဖျော်ပါ။ ဒါမှသာ ပျားရည်ရဲ့ အာနိသင်တွေကို အပြည့်အဝ ရရှိမှာ ဖြစ်ပါတယ်။
၈။ ဘယ်အချိန်မှာ သောက်ရင် အကောင်းဆုံးလဲ?
ပျားရည်ကို ရေးနွေးနဲ့သောက်မယ်ဆိုရင် သောက်မယ့်အချိန်ပေါ်မူတည်ပြီး အကျိုးကျေးဇူး ၂ မျိုး ရနိုင်ပါတယ် -
- Early Morning (မနက်စာမစားမီ) သောက်သုံးခြင်းဖြင့် လိုအပ်သောစွမ်းအင်တိုးစေဖို့၊ Detox ဖြစ်စေဖို့နဲ့ အစာခြေစနစ်ကို နိုးကြားစေဖို့ အထောက်အကူပြုနိုင်ပါတယ်။
- Before Bed (ညအိပ်ခါနီး) သောက်သုံးခြင်းဖြင့် ဦးနှောက်ထဲက Melatonin ကို ထွက်စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အထောက်အကူပြုနိုင်ပါတယ်။
အချုပ်အားဖြင့်ဆိုရမယ်ဆိုရင်
ကျန်းမာရေးအတွက် အစွမ်းထက်တဲ့ အပြောင်းအလဲကို ဒီနေ့ပဲ စတင်လိုက်ချင်တယ်ဆိုရင်တော့ Burmese Honey ရဲ့ ၁၀၀% Raw & Wild Honey လေးတစ်ဇွန်းနဲ့ မိတ်ဆွေရဲ့ နေ့ရက်တွေကို ပိုမိုပြည့်စုံစေဖို့ အာမခံပါတယ်။ ၀ယ်ယူချင်တယ်ဆိုရင်တော့ အောက်ကလင့်လေးကိုနှိပ်ပြီး Website ကနေ ၀ယ်ယူနိုင်သလို Facebook Messenger ကနေလည်း ၀ယ်ယူနိုင်ပါပြီ။
Shop Your Wellness Raw Honey Now
Disclaimer: ဤဆောင်းပါးပါ အချက်အလက်များသည် ပညာပေးရည်ရွယ်ချက်သာဖြစ်ပြီး ဆေးဝါးကုသမှု ခံယူနေရသူများအနေဖြင့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါသည်။
အမေးများသော မေးခွန်းများ
Everything you need to know about the product and how to buy Burmese Honey via online.
ရပါတယ်။ ဒါဟာ ကျန်းမာရေးအတွက် အကောင်းဆုံး အလေ့အထတစ်ခုပါ။ လူကြီးတစ်ယောက်အတွက် တစ်နေ့ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းကနေ ၂ ဇွန်းအထိ ပုံမှန်သောက်ပေးနိုင်ပါတယ်။
ရပါတယ်။ ပျားရည်ရဲ့ Glycemic Index က သကြားထက် နည်းလို့ သွေးချိုကို ဖြည်းဖြည်းချင်းပဲ တက်စေပါတယ်။ ဒါပေမဲ့ မိမိရဲ့ ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့တော့ အကြံပြုလိုပါတယ်။
အပူမပေးဘဲ စစ်ထုတ်ထားတဲ့ Raw Honey ကသာလျှင် အကောင်းဆုံးပါ။ Burmese Honey လိုမျိုး တောထွက်ပျားရည်စစ်စစ်က အာနိသင် အရှိဆုံး ဖြစ်ပါတယ်။